မိုင်းရယ် မေ ၂၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းနေရွယ်ကလေးငယ်တိုင်း ကျောင်းတက်ရောက် နိုင်ရေးအတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အခြေခံပညာ အထက်တန်းကျောင်း(မိုင်းရယ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်သိန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/သူများ၏ ကျောင်းတက်စေ နိုင်ရေး မိဘဆရာများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လှိုင်က ကျောင်းများ လုံခြုံရေးအခြေအနေ ဆောင်ရွက်ထားရှိမှုများနှင့် မြို့နယ်ပညာရေးမှူး ဦးစိုင်းစိန်အောင်က ပညာရေးဆိုင်ရာများအား ရှင်းလင်း ပြောကြားပါသည်။ အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှ ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)