မိုးမိတ် မေ ၂၈
၂၀၂၁ ခုနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေထုတ်ပေးခြင်းကို မိုးမိတ်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ယနေ့ နံနက် ၁၁ နာရီခွဲက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ချေးငွေ ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် ၂၀၂၁ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် ချေးငွေ ကျပ်သိန်းပေါင်း (၁၇၅၀၀) ကိုလျာထာကြောင်းနှင့် မေလ ၂၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ပြီး ယနေ့အထိ အုပ်စု(၂)စုရှိ တောင်သူ (၅၀)ဦး အားထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။
မိုးမိတ်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာအုပ်စု (၁၃) အုပ်စု ရှိရာ တစ်ဧကလျှင် စပါးစိုက်တောင်သူများအတွက် ကျပ်တစ်သိန်းငါးသောင်း နှင့် အခြားသီးနှံများ အတွက် ကျပ်တစ်သိန်း နှုန်းဖြင့် ထုတ်ပေးလျှက်ရှိကာ ၂၀၂၀ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုး စရိတ်ထုတ်ချေးပေးရာတွင် တောင်သူပေါင်း ၁၉၅၅ ဦးအား ထုတ်ချေးပေး ခဲ့ကြောင်း မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)