ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းယောင်း မြို့နယ်ရှိ ကျေးရွာ(၅)ရွာ ရေရရှိရေး ဆောင်ရွက် ရန်ပုံငွေများ ထုတ်ပေး

မိုင်းယောင်း မေ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၀၀ ဖြင့် ကျေးရွာ(၅)ရွာ၌ ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများအတွက် ရန်ပုံငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ခွင့်ပြုရန်ပုံငွေ ထုတ်ပေးခြင်း၊ စိမ့်စိမ်းရေသွယ်ယူခြင်း၊ ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ကျေးရွာရေရှိရေး လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေများ ဖြစ်သည့် ဝမ်ဘိုးကျေးရွာအုပ်စု၊ ယမ်းမရွာ (၁.၅)မိုင် စမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ (၃၈)သိန်း၊ ဝမ်မန်းအုပ်စု ဝမ်ရှဲန်းရွာ (၁.၅)မိုင် စိမ့်စမ်းရေသွယ်ယူခြင်းအတွက် ခွင့်ပြုရန်ပုံငွေ (၃၈)သိန်း၊ ဟောင်ကြန့်အုပ်စု ပါလောင်းရွာ ရေလောင်ကန်နှင့် ရေပိုက်သွယ်တန်းခြင်းအတွက် ခွင့်ပြုရန်ပုံငွေ သိန်း(၄၀)၊ ဝမ်တပ်အုပ်စု ဝမ်လဲရွာ (၂.၅)မိုင် စိမ့်စမ်းရေသွယ်ယူခြင်းအတွက် ခွင့်ပြုရန်ပုံငွေ (၄၈)သိန်းနှင့် မုန်းလိုက်အုပ်စု ပါပျက်ရွာ ရေလှောင်ကန်နှင့် ရေပိုင်သွယ်တန်းခြင်းအတွက် ခွင့်ပြုရန်ပုံငွေ (၃၆)သိန်း တို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာရေသွယ်ယူရေးတာဝန်ခံများအား အသီးသီးထုတ်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ ကျေးရွာရေသွယ်ယူရေး တာဝန်ခံများနှင့် ရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အားချာ