ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
ဗန်းမော် မေ ၂၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများ၊ စာပေဝါသနာရှင်များ အား စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ စာဖတ်သည့် အလေ့ အကျင့်တိုးပွားလာစေရေးနှင့်စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်ဦးညို ရေးသားသော "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့်ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)