သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

                                                                             သာစည် မေ ၂၈

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် အခမဲ့ဖြန့်ဝေ သော ပုံနှိပ်စာအုပ် မူလတန်းအဆင့် ၁၉၈၃၈ စုံ၊ အလယ်တန်းအဆင့် ၁၃၇၇၈ စုံနှင့်အထက်တန်းအဆင့်၄၄၃၀ စုံ၊ ဗလာစာအုပ် ၃၅၆၅၂ ဒါဇင်၊ ဘောပင် ၃၁၀၉ ဒါဇင်၊ ခဲတံ ၈၈၃၈ ဒါဇင်နှင့် Face Shield နှင့် Mask ၄၀၁၇၂ခုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနှင့်အဖွဲ့ဝင်များကကျောင်းအုပ်ကြီးများ ထံပေးအပ်သည်။ ကျောင်းအပ်နှံရေးအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိုးဦး၊ ဌာနဆိုင်ရာများနှင့် ကျောင်းအုပ်ဆရာ/မများတက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်