ညောင်ဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိသောက် သုံးရေရှားပါးမှု ကြုံတွေ့နေသည့် ကျေးရွာများသို့ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန နှင့်အရန်မီးသတ် တပ်ဖွဲ့များက ရေဂါလံ ၈၀၀၀ ကို ယနေ့ နံနက် ၇နာရီအချိန်မှ စတင်ကာ သောက်သုံးရေလှူဒါန်းခဲ့ကြကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်း သောက်သုံးရေရှားပါးလျှက်ရှိသည့် မှန်တောကျေးရွာ၊ စံပြကျေးရွာ၊ ကန်နီကြီးတဲတိုက်၊ ကြက်ခုတ်ကျေးရွာနှင့်ကြူပင်ကွေ့ ကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေသွားရောက်လှူဒါန်းကြကြောင်း၊ သောက်သုံးရေသွားရောက်လှူဒါန်းရာသို့ ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှမီး သတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များမှတစ်ရွာလျှင် တစ်ခေါက်နှုန်းဖြင့် ရေဂါလံ ၁၆၀၀ဆံ့ CNJ မီးသတ်ရေယာဉ် တစ်စီးဖြင့် ကျေးရွာငါးရွာသို့ရေဂါလံ၈၀၀၀လှူဒါန်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုကြုံတွေ့နေရပြီး အလှူရှင်များလာရောက် လှူဒါန်းသည့်ရေကိုသာမျှော်ကိုးသုံးစွဲနေရကြောင်း၊ အချို့ကျေးရွာများ စက်ရေတွင်းရှိ သော်လည်း ထွက်လာသည့်ရေမှာ ထုံးဓာတ်ပါဝင်မှုများပြားခြင်းကြောင့် ထမင်းဟင်းချက် ၍ရသော်လည်း တစ်နပ်သာအထားခံကြောင်း၊ သောက်သုံးပါကလည်း ဆီးကျောက်တည်ခြင်းများကြောင့် မသောက်သုံးကြပဲ တိရစ္ဆာန်အတွက် သာသုံးစွဲကြောင်း သိရကာ သောက်သုံးရေရှားပါးသည့် ကျေးရွာငါးရွာသို့တစ်ရွာလျှင် ရေဂါလံ ၁၆၀၀ဂါလံလှူဒါန်းပေးခဲ့ ကြောင်းလည်းသိရသည်။
ကိုထိန်၊KPD