ရမည်းသင်း မေ ၂၇
၂၀၂၁ ခုနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ထုတ်ပေးခြင်းကို ရမည်းသင်းမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား စတင်ပြီး ချေးငွေထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ထုတ်ချေးပေးရွာတွင် ရမည်းသင်းမြို့နယ် အင်ကြင်ကန် ကျေးရွာအုပ်စုများမှ တောင်သူ(၂၈)ဦးတို့၏ စပါးစိုက်ဧက(၁၄၆ )ဧကကို မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ကျပ် (၂၁၉)သိန်းကို တောင်သူလက်ဝယ်အရောက် ထုတ်ပေးခဲ့ပေးကာ စပါးသီးနှံတစ်ဧကအတွက် ကျပ်တစ်သိန်း ငါးသောင်း ထုတ်ပေးကြောင်း သိရသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၆၅)အုပ်စု၊ စပါးနှင့် အခြားသီးနှံစိုက်ပျိုးစရိတ် အတွက် ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်သည့် တောင်သူများအား ထုတ်ချေးပေး သွားမည်ဖြစ်၍ ယခုအခါ တောင်သူများမှ လာရောက်ပေးဆပ်လျက်ရှိကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူ ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)၊ရမည်းသင်း