နောင်ချို မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အခမဲ့ကွန်ပျူတာသင်တန်း ၃/၂၀၂၁ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက သဖန်းကိုင်းပရဟိတအကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် သဖန်းကိုင်းပရဟိတ ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရက ဩဝါဒစကားမိန့်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
သဖန်းကိုင်းပရဟိတ အခမဲ့ကွန်ပျူတာသင်တန်း ၃/၂၀၂၁ ကို မတ်လ ၁ ရက်နေ့ မှ မေလ ၂၀ ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား၊သင်တန်းသူ ၅၈ ဦးတက်ရောက်ခဲ့ကြောင်းနှင့် အခမဲ့ ကွန်ပျူတာသင်တန်း ၄/၂၀၂၁ ကို ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်