သန်လျင် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၈၀ တွင် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေး နေမှု အခြေအနေများအား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၈၀ တွင် ယခု ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပညာတက်ရောက်သင်ကြားနိုင်စေရန်နှင့် ကျောင်းအပ်လက်ခံရာတွင် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်း စည်း (Mask)နှင့် မျက်နှာကာ (Face shield)တို့ကို နိုင်ငံတော်မှ (အခမဲ့) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရရှိသည်။
ခရိုင်ပြန်/ဆက်