ကျိုင်းတုံ မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးအနီးရှိ ဗောဓိညောင်ပင်တွင် ကဆုန်လပြည့်နေ့၊ ယမန်နေ့ ညနေ ၄ နာရီခွဲက ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုကြပြီး မဟာဗောဓိဘုရားရှိခိုးကန်တော့ခြင်း၊ ကျိုင်းတုံမြို့ ဝတ်အဖွဲ့ဝင်များက ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ ရွတ်ဖတ်ပူဇော်ခြင်း၊ ကဆုန်လပြည့်နေ့ဆိုင်ရာ ကဗျာများဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထို့နောက် မဟာမြတ်မုနိဘုရားကြီးအနီးရှိ ဗောဓိညောင်ပင်တွင် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ဝင်များက ကဆုန်လပြည့်နေ့ ကြွေးကြော်သံဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ဗောဓိညောင်ပင်ရင်းသို့ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်