မော်လမြိုင် မေ ၂၅
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ မြဆည်းဆာဘိုးဘွားရိပ်သာရှိ ထွန်းထေ ရာသန စံကျောင်းတော် ရေစက်ချ မင်္ဂလာအခမ်းအနားနှင့် စံကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များတို့သည် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းများကို ဆက်ကပ်လှူဒါန်းပြီး ဘုရားကြီးအား မျက်နှာတော်သစ် ပူဇော်ခဲ့သည်။
ထို့နောက် မြဆည်းဆာဘိုးဘွားရိပ်သာရှိ ထွန်းထေရာသန စံကျောင်းတော် ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ရာ ဆရာတော် သံဃာတော်များက စံကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ကြီး၏ ပဓာန နာယက(အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယပါဠိပါရဂူ)ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ် တရားတော်များကို နာယူကြည်ညိုပြီး မြစေတီစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိနှင့် ဆရာတော် သံဃာတော်များထံ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်မိသားစုများတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် မြစေတီစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အရှင်သူ မြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ပြီး မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ ရွှေတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက (ဓမ္မကထိကဗဟု ဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိမလ ဆရာတော်အရှင်သူမြတ် အား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝေလင်း(ပြန်/ဆက်)