မြစ်ကြီးနား မေ ၂၅
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြသည်။
ညောင်ရေသွန်းပွဲတော်အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ် ကြပြီး ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန်ရွတ်ဆိုသည့် ဂါထာနှင့် ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုပူဇော်ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေနှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ ဝတ်အသင်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြခဲ့သည်။
ပြည်နယ်ပြန်/ဆက်