သိန္နီမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

သိန္နီ  မေ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (၃)လအတွက် သိန္နီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၃၆)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် လည်းကောင်း၊ မသန်စွမ်းသူ(၂၇၀)ဦး အတွက် တစ်ဦးလျှင်(၃၀၀၀၀)နှုန်းဖြင့် လည်းကောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စုမြတ်လင်း(ပြန်/ဆက်)