ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် ၍ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်

မောင်တော မေ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများအား ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွန်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူး ဆရာကြီး ကြာစိန်အောင်ထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအပ်နှံရန် လာရောက်သည့် ကျောင်းသား/သူများနှင့် မိဘများ အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျောင်းအပ်နှံရာတွင် လူစုလူဝေးမဖြစ် ပေါ်စေရန်အတွက် တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေစေ၍ အတန်းအလိုက် သတ်မှတ်နေရာများတွင် ကျောင်းအပ်နှံ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မောင်တော မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၄ ရက်နေ့မှ မေ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ကာ ကျောင်းအပ် လက်ခံဆောင်ရွက်လျက်ရှိပြီး မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်း လွန်ကျောင်း (၄၈) ကျောင်း ၊ မူလတန်းကျောင်း(၃၄)ကျောင်း၊ မူလတန်း ကျောင်း(ခွဲ) ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) စုစုပေါင်း(၁၂၆)ကျောင်း ဖွင့်လှစ်ကာ ကျောင်း သား/သူများ အား မိဘအုပ်ထိန်းသူ၊ ဆွေမျိုးများမှ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ အသီးသီးလာရောက်အပ်နှံ လျက်ရှိကြောင်းနှင့် ကျောင်းသား/ သူများအား သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ၊ ဘော ပင်၊ ပါးစပ်နှာ ခေါင်းစည်းနှင့် မျက်နှာ ကာတို့ကို အခမဲ့ပေးအပ်လျက်ရှိပြီး ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး