တနိုင်း မေ ၂၄
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံလက်ခံရာတွင် ကျောင်းသားမိဘများကို ငွေကြေးကောက်ခံခြင်း မရှိဘဲ ကျောင်းသား ၊ကျောင်းသူများအတွက် Mask, Face Shield ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ စသည်တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံနိုင်ရေးကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိလက်ခံဆောင်ရွက်သွားမည်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပညာ သင်ကြားရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံလက်ခံသည့် အခြေခံပညာကျောင်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)