မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်၊မူ) ကျောင်းများ၌ ကျောင်းအပ်လက်ခံ

မြေပုံ၊ မေ ၂၄ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌(၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းအပ် နှံရေး ကိုယနေ့(၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်း များ၌ (ကိုဗစ်-၁၉) ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီကျောင်းအပ်လက်ခံလျက်ရှိပြီး အတန်း အလိုက် သင်ထောက်ကူ ပစ္စည်းများ စာအုပ်များအခမဲ့ဖြန့်ဝေပေးသည်။ အခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်းများကို ဇွန်လ(၁) ရက်နေ့တွင် စတင်ဖွင့်လှစ် ပညာသင် မည်ဖြစ်ကာ ပညာသင်ကြားရာတွင် လည်းဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများက (ကိုဗစ်-၁၉) ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။ တင်ဝင်း