ဘီးလင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်းများကို လက်ခံ

ဘီးလင်း မေ ၂၄ သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့ နံနက်မှစတင်၍ ဘီးလင်းမြို့နယ်အတွင်းရှိ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို အခမဲ့ လက်ခံပေးလျက်ရှိကြောင်းသိရသည်။ ကျောင်းအပ်နှံရာတွင် အသက် ၅ နှစ် အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ လည်ကောင်း၊ (၆) နှစ် အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင် ၊ ခဲတံ ၄ ချောင်း၊ mask အသေး ၂ ခု၊ face sheed အသေး ၁ ခု၊ အလယ် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ mask အသေး ၂ ခု၊ face sheed အသေး ၁ ခု၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား များကို ဗလာစာအုပ်၁ ဒါဇင်၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ mask အကြီး ၂ ခု၊ face sheed အကြီး ၁ ခုတို့ကို ပေးအပ်လျက်ရှိပြီး မေ ၃၁ ရက် နေ့အထိ ကျောင်းအပ် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်တွင် ကျောင်းအပ်လက်ခံသည့် ကျောင်းပေါင်း (၁၅၂) ကျောင်းရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးလွင်မော်စိုးထံမှ သိရသည်။ မြို့နယ်