စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်

စဉ့်ကိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ယနေ့နံက်(၉)နာရီမှစတင်၍ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက မိမိတို့ တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask ၊ Face shield များကို အခမဲ့ပေး အပ်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက် တန်းကျောင်း(၆) ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်း ကျောင်း(၉)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၆) ကျောင်း၊ မူလတန်း လွန်ကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း (၇၉)၊ကျောင်း နှင့် မူလတန်းခွဲ(၁) ကျောင်းတို့တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ညိုညို၀င်း(စဉ့်ကိုင်)

 ပြန်/ဆက်)