ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းအခြေခံပညာ ကျောင်းများတွင်ကျောင်းအပ် လက်ခံ ဆောင်ရွက်ပေးလျက်ရှိ

 

ဒဂုံအရှေ့  မေ  ၂၄

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများယာယီရပ်ဆိုင်းထား ရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်  (အရှေ့ပိုင်း)မြို့နယ် အခြေခံ ပညာ ထက်၊လယ်၊မူ ကျောင်းများ တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ် လက်ခံ ပေးလျက်ရှိကြောင်းသိရသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ် လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား /ကျောင်းသူများမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်ကျောင်းများ အပ်နှံရာ တွင် အခကြေးငွေ တစ်စုံ တစ်ရာ ကောက်ခံမှု လုံးဝမရှိ ကြောင်း၊ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ် နှာခေါင်း စည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး အသက်()နှစ် အရွယ် ကလေးများကို သူငယ်တန်း၊()နှစ်အရွယ်ကလေးများကို ပထမတန်းအပ်နှံရမှာဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ် သွားမည်ဖြစ်ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ထက်၊လယ်၊မူ(၂၆)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း(၁၁)ကျောင်းမူလွန်()ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)