ခရမ်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက်ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်း အပ် လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရမ်းမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြ ပါစို့" ဆောင်ပုဒ် နဲ့အညီ မေ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maske နှင့် Face Shield စသည့် ပစ္စည်းတွေကို ကျောင်းအပ်နှံသည့် ကျောင်းသား မိဘ/အုပ်ထိန်းသူများကို တစ်ခါတည်း ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေး များကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံ ပညာကျောင်းများကို ဖွင့်လှစ် သွား မည်ဖြစ်ရာ ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း( ၁၄၄) ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း ( ၈)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း ( ၁၅၂ ) ကျောင်း များတွင်ယနေ့ နံနက် ပိုင်းကစတင်၍ ကျောင်းများတွင် အေးချမ်းစွာဖြင့်ကျောင်းအပ်လက်ခံခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ကိုမင်း (ခရမ်း )