မိုးမိတ် မေ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံနေပြီ ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်က မိုးမိတ်မြို့နယ်တွင် ကျောင်းပေါင်း ၉၅ ကျောင်းရှိပြီး ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှုများ ၊ စာသင်ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ ၊ ကျောင်းများတွင် ကိုဗစ်_၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ သင်ထောက်ကူပစ္စည်း ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး အတွက် ပြင်ဆင်ထားရှိမှုများ၊ ကျောင်းလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကျောင်းအကျိုးဆောင် မိဘဆရာများနှင့် စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြားခဲ့သည်။
မိုးမိတ်သား(စည်သူဌေး)