တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်

တပ်ကုန်း    မေ   ၂၄

 ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ   ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မေ ၂၄ ရက်  နံနက် ၉နာရီက  စတင်၍  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် ကျောင်းအလိုက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ နှင့်ဆရာ/ဆရာမများက မိမိတို့ တာဝန်ကျရာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask ၊ Face Shield တို့ကို (အခမဲ့ )ပေးအပ်ခဲ့သည်။

 တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း  ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ မူလတန်း လွန်ကျောင်း ၄၄ ကျောင်း၊ မူလတန်းကျောင်း ၅၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၆ ကျောင်း၊ စုစုပေါင်း (၁၆၇) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)