တာလေမြို့တွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျောင်းအပ်လက်ခံ

တာလေ ‌  မေ   ၂၄

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့ရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အစီအစဉ်ကို ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီက စတင်လက်ခံဆောင်ရွက်လျက်ရှိသည်။

 

တာလေဒေသတွင် “၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းရှိအထက်တန်း၊ အလယ်တန်း၊ မူလတန်း စသည့်အခြေခံပညာကျောင်းများရှိ အတန်းစုံ ကျောင်းသားကျောင်းသူများကို မေ၂၄ ရက်မှ မေ ၃၁ ရက်‌နေ့အထိ  ရက်သတ္တပတ်ကျောင်းအပ်လက်ခံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ နေ့စဉ် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ လက်ခံဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ကြားရေးလုပ်ငန်းများကို ဇွန်လ ၁ ရက်တွင်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ကိုလည်း အ.ထ.က(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းထံမှ သိရသည်။

 

တာလေ( မြို့နယ် ပြန် / ဆက်)