ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးစတင်လက်ခံဆောင်ရွက်

မန္တလေး မေ ၂၄

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ယနေ့နံနက် ၉ နာရီ မှ စတင်ကာ မန္တလေးမြို့ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမ များက မိမိတို့တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ထောက်ပံ့ပေး အပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ mask ၊face shiele တို့ကို အခဲ့မဲ့ပေးအပ်ခဲ့ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း (၂၅) ကျောင်းရှိကြောင်း သိရသည်။

သန်းဇော်မင်း