မြင်းခြံ မေ ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယနေ့ နံနက် ၈:၃၀ နာရီ အချိန်မှ စတင်ကာ စာသင်ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
မေလ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံခြင်းကို နေ့စဉ် နံနက် ၈:၃၀ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်သည့် ကျောင်းသား/ကျောင်းသူ တစ်ယောက်ကို Face Shield ၁ခု၊ Mask ၂ ခု၊ ဗလာစာ အုပ် ၁ ဒါဇင်၊ သက်ဆိုင်ရာဘာသာရပ် ပုံနှိပ်စာအုပ်များကိုလည်း အခမဲ့ ထောက်ပံ့ပေးကြောင်း သိရသည်။ ဇွန်လ (၁) ရက်နေ့တွင် ကျောင်းသား /ကျောင်းသူများအား စတင်ပညာသင်ကြားပေးသွားမည်ဖြစ်ပြီး စာသင်ကြားရာတွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)