တန့်ယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားမှုအားကြည့်ရှု

တန့်ယန်း  မေ  ၂၄

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည်  ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တန့်ယန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  မြို့နယ်စည်ပင်သာယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းက ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် မေလ ၂၂ ရက်နေ့ မွန်းလွဲ ညနေပိုင်းတွင် မကြာမီဖွင့်လှစ်တော့မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                                                                                            

မင်းလွင်ဦး(ပြန်/ဆက်)