ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

တန့်ယန်း မေ ၂၄

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက် (၉)နာရီ က ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ ခိုင်ဖြိုးကုမ္ပဏီမှဆောင်ရွက်နေသော ဟုန်ပန်းခြံအားသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် တန့်ယန်းမြို့ တော်ခန်းမ၌  ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က မိမိတို့တန့်ယန်းရောက်ရှိခြင်းသည် ဒေသလိုအပ်ချက်များကွင်းဆင်းကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပန်းခင်းစီ မံချက်ချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပုံစံ(၁၀)ကို ဆက်လက်ဆောင်ရွက်ပေးနေပါ ကြောင်း၊ မေလ (၃)ရက်မှ စတင်ကာ လာမည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်ထိ စီမံချက် ချမှတ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ပေးနေပါကြောင်း၊ တန့်ယန်းမြို့နယ်သည်လည်း မြို့နယ် အဖွဲ့ဝင်တွင်ပါဝင်နေသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ စနစ်တကျ နိုင်ငံရေးစိစစ်ရေးကတ်ပြားများကို တိုင်းရင်းသားများမရရှိသေးသည်ကို နိုင်ငံတော်က သိသည့်အတွက် ဤစီမံကိန်းကို ချမှတ်ဆောင်ရွက်ပေးပါကြောင်း၊ ယနေ့တက်ရောက် လာသည့် ရပ်မိရပ်ဖများမှ ဆွေမျိုးများနိုင်ငံရေးစိစစ်ရေးကတ်ပြားများ မရှိသေးပါက သက်ဆိုင်ရာမြို့နယ်များနှင့် ဆက်သွယ်၍ ဆောင်ရွက်ပေးကြရန် မကြာခင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက်တွင် ကျေးလက်နှင့် မြို့ပြကွာဟမှု အတတ်နိုင်ဆုံးနဲ့ ဆောင်ရွက်ပေးရန်ဆိုသည့်အတိုင်း ကျေးရွာများကို လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုစသည့် ကဏ္ဍများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန့်ယန်းမြို့ကို ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရန်အတွက် အသီးအပွင့်များခံစားနိုင်ရန်၊ ဌာနဆိုင်ရာများ ရပ်မိရပ်ဖများက ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသွားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများမှ လိုအပ်သည်များ တင်ပြဆွေးနွေးကာ တင်ပြချက်အပေါ် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်းနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။ ၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့သည် တန့်ယန်းအမှတ် (၃) တပ်မတော်စစ်ဆေးရုံ ကုတင်(၂၅)ဆံ့သို့ သွားရောက်ကာ ဆေးရုံလာရောက် ဆေးကုသနေသော လူနာများအားကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဆေးပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၂၀) ပေးအပ်ရာ ဆေးရုံတာဝန်ခံ ဆေးမှူးမှ လက်ခံရယူကြောင်း သိရသည်။          

မောင်မောင်သန်း(တောင်ကြီး)