ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း မိုင်းရယ်မြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မိုင်းရယ် မေ ၂၂

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကြီးလှဦး၊ အတွင်းရေးမှူးနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် မိုင်းရယ်မြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဟိုယသို့ ရောက်ရှိကွင်းဆင်းစစ်ဆေးပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဟိုယတာဝန်ခံကျောင်းအုပ် ဒေါ်နန်းလွင်လွင်ဖြိုးက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်း အတွင်းရှိ စာသင်ကျောင်းဆောင်များ၊ စာသင်ခန်းများအား သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့သို့ ဆက်လက်ထွက်ခွာရာ နံနက် ၉ နာရီခွဲတွင် မိုင်းရယ်မြို့ အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မွှေးက ကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင်များ၊ စာသင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံ ရှင်းလင်းပြသရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာ များနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား တင်ပြ ပါသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းများ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လယ်မြေပိုမိုစိုက်ပျိုးနိုင်ရေး၊ နိုင်ငံတော်၏ လမ်း ညွှန်ချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ထားရှိနိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဒေသတွင်း လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်