မြောက်ဥက္ကလာပမြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မြောက်ဥက္ကလာပ    မေ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ လူငယ်များ အပြန်အလှန်ဆွေးနွေးနိုင်ပြီး တွေးခေါ်နိုင်မှု မြင့်မားစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့်  တစ်ဦးချင်းစီ၏ အတွေးအခေါ်များ မျှဝေတက်စေရန် ရည်ရွယ်၍  ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြမြဝင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ကိုယ့်ကိုယ်ကိုယုံကြည်မှု" စာအုပ်အား ဆွေးနွေးရာတွင် "မိမိဘဝအောင်မြင်စေရန်  မိမိဘဝစံချိန် စံညွှန်းကိုမြှင့်တင်ပါ၊ ယုံကြည်ချက်ကိုပြောင်းလဲပါ၊ မိမိ ရဲ့နည်းဗျူဟာကို ပြောင်းလဲပါ စသည့်အချက်များကို တက်ရောက်လာသူစာပေချစ်သူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြမြဝင်း