ကွမ်းခြံကုန်းမြို့နယ်တွင်း အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့တွင် စတင်ကျောင်းအပ် လက်ခံပေးသွားမည်

ကွမ်းခြံကုန်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့် ရရှိရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကာကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း အခြေခံပညာ အ.ထ.ကကျောင်း (၈) ကျောင်း၊ အ.ထ.က-ခွဲ (၄) ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.လ.ကခွဲ(၂)ကျောင်း၊ မူ/လွန်(၁၁)ကျောင်း၊ အ.မ.က ခွဲ(၁)ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်း၊ စုစုပေါင်း(၁၃၂)ကျောင်းများအား ကျောင်းအပ်နှံ ရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maskနှင့် Face Shield စသည့် ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေး သွားမည့်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်