တံတားဦး မေ ၂၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်ကျေးရွာများ တည်ငြိမ် အေးချမ်းရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု တည်ငြိမ်အေးချမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပေးအပ်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်ဦးက တံတားဦးမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းကို တမ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများက နေ့၊ညမပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် တည်ငြိမ် အေးချမ်းရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းရေးအဖွဲ့များ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ဆောင်ရွက် ပေးနေမှုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးအေးနိုင်ဦးက ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြတ်ပြတ်သားသား လုပ်ဆောင်သင့် ပါကြောင်း၊ မိမိတို့ ရပ်ကွက်၊ ကျေးရွာများအတွင်း ဆူပူအကြမ်းဖက်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အချိန်မရွေး ဆက်သွယ် အကြောင်းကြားကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)