မိုင်းဖြတ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင် ဆောင်ရွက်

မိုင်းဖြတ် မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နှင့်အလှမ်းနီးသည့် ကျောင်းများတွင် နယ်မြေခံတပ်ရင်းများမှ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်သာယာ လှပစေရေးအတွက် ဧပြီလ အတွင်းမှစ၍ ယနေ့အထိ အပတ်စဉ်စနေနေ့များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့နှင့်အလှမ်းဝေးသည့် ကျောင်းများတွင် သက်ဆိုင်ရာ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာနေ ပြည်သူများက ပူးပေါင်း ဆောင်ရွက်ကြသည်။

ယခုအခါ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာများက မိမိတို့ တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း  စာရေးခုံများ စနစ်တကျ စီတန်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၉ ကျောင်း၊ မူလတန်းကျောင်း ၄၄ ကျောင်း၊ မူတန်း(ခွဲ) ၂၅ ကျောင်း စုစုပေါင်း ၈၄ ကျောင်း ရှိသည်။

မြို့နယ်(ပြန်/ဆက်)