ဘူးသီးတောင် မေ ၂၁
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ် lCRC အဖွဲ့တို့ပူးပေါင်း၍ မြတောင်တိုက်ပွဲရှောင်ကယ် ဆယ်ရေးစခန်းသို့ မိုးကာအစ၊ချည်ကြိုး၊ဓနိ၊ဝါး၊ မီးသတ်ဆေးဘူးများလှူဒါန်းခြင်းကို ယနေ့နံနက် ၉:၃၀ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ် ICRC အဖွဲ့မှ ကိုဗစ်-၁၉ဆိုင်ရာအသိပညာပေးခြင်းများကိုဟောပြောခဲ့ကြပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးအောင်သန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တိုက်ပွဲ ရှောင်ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ လက်တွေ့မီးငြိမ်း သတ် နည်းများ လေ့ကျင့်သရုပ်ပြသခြင်းများပြုလုပ်ကာတာဝန်ရှိသူများက တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်း တာဝန်ရှိသူများထံသို့မီးသတ်ဆေးဗူး(၁၃)ဗူးပေးအပ်ကာစခန်းအတွင်းရှိ နေအိမ်များတွင် မီးဘေး ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြတောင်တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းမှတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၁၆၂)စု၊လူဦးရေ(၇၀၀)ကျော် ရှိကြောင်းသိရသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း (၄)ခုရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင် ပူးပေါင်းကာ တိုက်ပွဲ ရှောင်စခန်း များသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများကို ပွင့်လင်းရာသီရောက်ရှိချိန်မှ စတင်ဆောင်ရွက်ခဲ့ရာတွင် ယနေ့ မေလ(၂၀)ရက်နေ့တွင် (တတိယ) ကြိမ်ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ် ပါသည်။ ဆက်လက်၍ရန်အောင်မြေတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်