ကျောက်ဖြူခရိုင်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်

ကျောက်ဖြူ မေ ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့သော်လည်း ယခုအခါ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် မေလပထမအပတ်ကစတင်ကာ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန် လည်ဖွင့်လှစ် ငှါးရမ်းပေးလျှက်ရှိသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ပေးလျှက်ရှိပြီး စာကြည့် တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်အသစ်များရောက်ရှိလာပါက အွန်လိုင်း စာမျက်နှာ များမှတဆင့် ရောက်ရှိစာအုပ်များအားကြော်ငြာပေးခြင်းနှင့် ရုံးရှေ့ကြော်ငြာသင်ပုန်းတွင် စာအုပ် သစ်စာရင်းများအား ကပ်ထားပေးခြင်း၊ အွန်လိုင်းမှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူပန်း အလှခေါက်နည်းသင်ပြပေးခြင်းနှင့် ရောင်စုံစက္ကူများ ဖြင့်အသုံးပြု၍ အလှဆင်ယင်ခြင်းနှင့် စာကြည့်တိုက်သို့လာရောက်သည့် စာငှါး/စာဖတ်ပရိတ်သတ် များကို အခမဲ့ သွေး/ပေါင်ချိန်တိုင်းတာ ခြင်းတို့ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။

၎င်းစာကြည့်တိုက်တွင် နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြများ၊ သုတ ရသစာပေအမျိုးမျိုးနှင့် ဂျာနယ်အမျိုးမျိုး လာရောက်လေ့လာဖတ်ရှုပြီး ငှားရမ်းနိုင် ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း