၂၀၂၁-၂၀၂၂ ပညာသင်နှစ် ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရေး တွေ့ဆုံဆွေးနွေး

ချောင်းဆုံ မေ ၂၁ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့်၁၂:၀၀ နာရီက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျွန်းသာယာ ခန်းမတွင် ကျင်းပရာ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ယုနှင့် မော်လမြိုင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်ဌာန ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ / ဆရာမကြီးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြတ်ယုကအမှာစကား ပြောကြားကာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်းက အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အခက်အခဲရှိသည်များကို တင်ပြဆွေးနွေးခြင်း၊ လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်)ဆရာကြီး ဦးသန်းမြင့်က အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီးကျောင်းဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ၊ သင်ကြား ရေးဆိုင်ရာ ဆရာ/ဆရာမလိုအပ်ချက်များ၊ အဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးထွန်းထွန်းဦး ကကျောင်းများဖွင့်လှစ်နိုင်ရန်အတွက် လုံခြုံရေးစီမံထားရှိမှုအခြေအနေများအား ဆွေးနွေး ခဲ့ပြီး မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြတ်ယုက လုံခြုံရေးနှင့် ပတ်သက် သည့် လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)