စဉ့်ကိုင် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တဘက်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု အားမေလ (၂၁)ရက် နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင် နှင့်ဝန်ထမ်းများက ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ကျပ် နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်လျှက် ရှိသည့်တဘတ်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာ တွင်းကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအား စနစ်တကျရှိရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါအရှေ့ရွာသစ်ကျေးရွာတွင်း ကွန်ကရစ်လမ်းသည် လက်ရှိအနေဖြင့် လမ်းအရှည်ပေ(၇၀၀)၊ အကျယ်(၁၂)ပေ ၊ ထု (၆)လက်မ ခင်းကျင်းဆောင်ရွက်ထားရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး သွားပါက ကျေးရွာ ပြည်သူများ ရာသီမရွေးအလွယ်တကူသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး ၊ ကျန်းမာရေး ၊ လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင်ထံမှ သိရသည်။
ညိုညိုဝင်း (စဉ့်ကိုင် ပြန်/ဆက်)