တံတားဦး မေ ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အခြေခံပညာကျောင်းများ လုံခြုံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည် ။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး ၊ နိုင်ငံတော်မှ မျိုးဆက်သစ်ရင်သွေးငယ်များ ပညာရေးမြင့်မားရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ၊ ဌာနဆိုင်ရာများအနေဖြင့် ကျောင်းအပ်နှံနိုင်ရေး ရက်သတ္တပတ်နှင့် ကျောင်းများဖွင့်လှစ် ပညာသင်ကြားသည့်ကာလတို့တွင် လုံခြုံရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ၊ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကျောင်းအုပ် ၊ မိဘ/ဆရာများ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ပညာသင်ကြားရေးလုပ်ငန်းအတွက် ကူညီဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်က အခြေခံပညာ ကျောင်းများ လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေး လုပ်ငန်းစီမံချက် များဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးပြောကြားသည် ။
တံတားဦးမြို့နယ် အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း ၊ အထက်တန်း ကျောင်းခွဲ(၈)ကျောင်း အလယ်တန်း ကျောင်း(၁၁)ကျောင်း ၊ အလယ်တန်း ကျောင်းခွဲ(၈) ကျောင်း ၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း ၊ မူလတန်းကျောင်း (၆၉)ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၉)ကျောင်းတို့တွင်ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင် ရေးအတွက် ဌာန ဆိုင်ရာများမှအဖွဲ့ငယ် (၁၀)ဖွဲ့ဖြင့် လုံခြုံရေးလုပ်ငန်းများ အနီးကပ်ကြီးကြပ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)