ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာတွင် ယဉ်ကျေးလိမ္မာမျိုးဆက်သစ် ရတနာသင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ပန်းတောင်း မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာတွင် ယဉ်ကျေးလိမ္မာမျိုးဆက်သစ်ရတနာ သင်တန်းဆင်းပွဲအား ယနေ့ နံနက်ပိုင်းက ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် သင်တန်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာမျိုးဆက်သစ်ရတနာ သင်တန်းအား မတ်လ တတိယပတ်မှစတင်၍ လဲဂွကျေးရွာ အနောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇောတိက၊ ကန်ပတ်လည်အုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဟန်နှင့် ရပ်မိရပ်ဖများ ဦးဆောင်ကာ ကျေးရွာ ရွာလည်ဓမ္မာရုံတွင် နွေရာသီ သင်တန်းတစ်ခုဖြစ်သော ယဉ်ကျေးလိမ္မာမျိုးဆက်သစ်ရတနာ သင်တန်းအား စတင်သင်ကြားခဲ့ကြောင်း ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးလှဟန်ကရှင်းပြသည်။ သင်ကြားသည့် ဘာသာရပ်များအဖြစ် ဩကာသ ကန်တော့ချိုး၊ ဘုရားရှိခိုး၊ ပရိတ်ကြီး၊ ငါးပါးသီလ၊ ဓမ္မစင်္ကြာ၊ ပဌာန်း၊ ၃၈ ဖြာမင်္ဂလာ ကဗျာအစုံတို့အား ဦးဆောင် သင်ကြားတော်မူကြသော ဆရာတော် ဦးသုမန၊ ဦးဉာဏ်ဏော၊ ဦးဩဘာတို့မှ နေ့စဉ် နေ့ခင်း တစ်နာရီမှ နှစ်နာရီအထိ သင်ကြားပေးခဲ့ပြီး ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် သင်တန်းဆင်း လက်မှတ် ဂုဏ်ပြုချီးမြှင့်ခြင်း၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းများ ချီးမြှင့်ပေးခဲ့ကာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ရတနာ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD