စစ်တွေ မေ ၂၀
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် မှန်စီသုဿန်အတွင်း အမှိုက်ကျင်းမြေနေရာ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် မှန်စီသုဿန်အတွင်း အမှိုက် ကားများ ဝင်ထွက်သွားလာနိုင်ရန် လမ်းပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူး ဦးသက်ထွန်းက လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှိုက်ကျင်းပြုလုပ်မည့်နေရာ၊ နောင်တွင်အမှိုက်ကျင်း များချဲ့ထွင်ပြုလုပ်နိုင်မည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ လက်ရှိတွင် စစ်တွေမြို့မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အမှိုက်စို၊ အမှိုက်ခြောက်များကို မြို့လယ်မှ တစ်မိုင်ခန့်ဝေးကွာသည့် အာဂျိတ်တော်ကုန်းတွင် စွန့်ပစ်ပြီး အမှိုက်ခြောက် များကို မီးရှို့လျှက်ရှိသည်။ အာဂျိတ်တော်ကုန်းရှိ အမှိုက်ကျင်းသည် (၆) ဧကခန့်သာအသုံးပြုလျက်ရှိသဖြင့် စစ်တွေမြို့မှ နေ့စဉ်အမှိုက်တန်(၆၀)ခန့် စွန့်ပစ်လျှက်ရှိသော အမှိုက်များကို အမှိုက်သိမ်း ယာဉ် (၁၃) စီးဖြင့် အမှိုက်သိမ်းဆည်းကာ ဆောင်းရာသီနှင့်နွေရာသီများတွင် အမှိုက်ခြောက်များကို မီးရှို့နေရခြင်းဖြစ်သည်။ ယခုအခါ စစ်တွေမြို့တွင် လူဦးရေများပြားလာသည်နှင့်အမျှ အမှိုက်ထွက်ရှိမှုများပြားလာခြင်းကြောင့် စစ်တွေ မြို့နယ် ခေါင်းဒုက္ကာကျေးရွာအနီးရှိ မှန်စီဘာသာပေါင်းစုံသုဿန်အတွင်း အမှိုက်ကျင်းသို့ မြို့ပေါ်မှ ထွက်ရှိ လာသော စွန့်ပစ်အမှိုက်များကို ဇွန်လတစ်ရက်နေ့မှစတင်ကာ ပြောင်းရွှေ့ စွန့်ပစ်သွားမည်ဖြစ် ကြောင်း သိရသည်။
တင်ထွန်း