ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီး အထွက်နှုန်းကောင်း

ကျောက်ဆည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ကောင်းသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပဲတီစိမ်း စိုက်ပျိုးသူများထံမှ သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို ဆည်ရေပေးကာ စီမံကိန်း သီးနှံအဖြစ် စိုက်ပျိုးသော်လည်း အချို့တောင်သူများသည် ကိုယ်ပိုင်အဝီစိတွင်းတူးကာ မြေအောက် ရေဖြင့် စိုက်ပျိုးသောကြောင့် လျာထား ဧကထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံသည် ဘောင်များပြုလုပ်၍ စိုက်ပျိုးပါက  အထွက်နှုန်းကောင်းပြီး ခူးဆွတ်ရာတွင်လည်း ()ရက်ခြားခူးရပြီး နေလှန်းကာ အစေ့ထုတ်ရောင်းလို့ရတဲ့အတွက် ပဲတီစိမ်းစိုက်တဲ့ တောင်သူများအဖို့ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ကြောင်းဒီနှစ်မှာတော့ မိုးရွာတဲ့အတွက် ပဲတီစိုက်ခင်းများ အပင်ကောင်းပြီး အသီးသီးနှုန်းလည်း ပိုလာပါတယ်၊ ယခင်နှစ်က မိုးမရွာတော့ တစ်ဧက တင်း(၂၀)လောက်ဘဲထွက်ရှိကြောင်း ယခုနှစ်တွင် တင်း(၃၀)ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါကြောင်း ဈေးနှုန်းကတော့ တစ်တင်း(၂၃၀၀၀)ကျပ်ဈေး ရောင်းရပါတယ်ဟု မကျီးတော်ကျေးရွာမှ ပဲတီစိုက် တောင်သူ ဦးပေါသိန်းက ပြောပြသည်။

ကျောက်ဆည် မြို့နယ်အနေဖြင့် ယခင်နှစ်က ပဲတီစိမ်းများကို တိုက်နယ်()တွင်()ဧက၊ တိုက်နယ်()တွင် (၅၈၅)ဧက၊ တိုက်နယ်()တွင်(၃၇၆)ဧက၊ တိုက်နယ်()တွင်(၁၂၈)ဧက၊ တိုက်နယ်()တွင်(၁၅)ဧက၊ တိုက်နယ်()တွင် (၈၇၂)ဧက၊ တိုက်နယ်()တွင် (၅၄၄)ဧက၊ တိုက်နယ်()တွင် (၄၃၈)ဧက၊ တိုက်နယ်(၁၀)တွင် (၃၄)ဧက၊ တိုက်နယ်(၁၂)တွင်(၄၂)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရရသည်။

သက်မောင်(ကျောက်ဆည်)