မတ္တရာမြို့နယ်တွင် ညောင်ပင်ကိုင်းကျိုးကျ၍ လူနေအိမ်(၃)လုံးပျက်စီး

မတ္တရာ မေ ၂၀

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် မေလ ၁၉ ရက် ၁၀ နာရီခွဲ အချိန်က နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ပင်ကိုင်းကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မတ္တရာ)မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များမှ သွားရောက်၍ ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာသား နှင့်အတူ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုံးပတ်()ပေ၊ အရှည်(၄၀)ပေရှိ နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုကြောင့် လူနေအိမ်တစ်လုံးမှာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ်()လုံးမှာ လုံးပျက်စီးသွားခဲ့ပြီး အခြားလူနှင့် တိရစ္ဆာန်များထိခိုက် ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)