ကျိုက်မရော မေ ၁၉
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင် ဒေသထွက်ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပေါ်ဦးပေါ်ဖျားစျေးကောင်းလည်းရရှိသဖြင့် စိုက် ပျိူးသူခြံရှင်များစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာရှိတောင်သူများသည် ကြက်မောက်၊ မင်းဂွတ်၊ ကျွဲကောသီးနှင့် ဒူးရင်းသီးများကိုအဓိကစီးပွားဖြစ်စိုက်ပျိုးကြရာ ယခုလိုမိုးရာသီအမှီမေလဆန်းပိုင်း၌ ကြက်မောက် သီးများ အထွက်ကောင်း၍ စျေးကောင်းလည်းရရှိကာ ယခင်နှစ်များကထက် ယခုနစ်ရာသီ မှာစျေး ပိုရ ကြောင်း ယိုးဒယားကိုင်းဆက်အသီးမျိုးက စျေးပိုရပြီးဗမာသီးက စျေးအနည်း ငယ်လျော့ကြောင်းနတ်စမ်းရွာထွက် ကြက်မောက်သီးဆို အချိုစူးကာ အစေ့ ကျွတ်သဖြင့်လူကြိုက်လည်းများကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့လည်းဖြန့်ဖြူး ရောင်းချနေရသဖြင့် ယခု နှစ်စျေးကွက်တွင် ကြက်မောက်သီးအလုံးတစ်ရာ တစ်တွဲကိုသုံးထောင် ကျပ် နှုန်း ရရှိကာတစ်နေ့လျင်ကြက်မောက်သီး လုံးရေတစ်သောင်းခန့်ခူးနိုင်ကြောင်း တစ်နေ့လျင်ပုံမှန်ဝင်ငွေသုံးသိန်းခန့်ရရှိ၍ယခုနှစ်ကြက်မောက်သီးခြံရှင်များစီးပွားရေးအဆင်ပြေကာမိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း ကြက်မောက် သီးစိုက် ပျိုးရောင်းချသူ ဒေါ်စမ်းစမ်းမော်ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး