ဒဂုံ(အရှေ့) မေ ၁၉
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်၊ လယ်၊ မူ ကျောင်းများတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံရာ တွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)