တံတားဦး ၊ မေ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ကွန်းသီးတန်းရပ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော (VDP ) ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ ၊ တံတားဦမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ ၊ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့် အတူ ကွင်းဆင်းစစ်ဆေးကြသည် ။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် သတ်မှတ်စံချိန် စံညွှန်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ လမ်းများရေရှည်တည်တံ့စေရေး၊ လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ် နိုင်ရေးအတွက် ကျေးရွာပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် အသေးစားပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက် ကြရန်လိုကြောင်း ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီများကို ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ဈေးချိုကျေးရွာအုပ်စု ကွန်းသီးတန်းရပ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်(၄.၈၅၀)သန်း ဖြစ်ပြီး လမ်းအရှည်(၁၁၄၆)ပေ ၊ အကျယ်(၁၂)ပေ ၊ အမြင့်(၆)လက်မ ဖြင့် ဆောင်ရွက်ပါကြောင်း ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက် ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်များအရသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)