တောင်ကြီး မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ (အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်တည်ဆောက်မည့် စက်မှုလုပ်ငန်းသုံး အီသနောစက်ရုံနှင့်ပတ်သက်၍ Bing industries Ltd/ Yatsauk Land Co.,Ltd မှလာရောက်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီး မြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး၊ ပြည်ထောင်စုဝန်ကြီးမှ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ရာတွင် လုပ်ငန်းများ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ အုပ်ချုပ်သည့်ကာလတွင် လုပ်သင့်လုပ်ထိုက် သည့်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများကို ဖိတ်ကြားထားပြီး လိုအပ်သည်ဌာနများကို ရှင်းလင်းပေးရန် လိုအပ်ပါက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများကလည်း ရှင်းလင်းပေးရန်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများကိုလည်း ခေါ်ယူထားပါကြောင်း၊ လိုအပ်သည့်များကို ဆွေးနွေးပြီးကုမ္ပဏီများ ဘက်ကလည်း လိုအပ်သည်များရှိပါက သတ်မှတ်သည့်အချက်အလက်အတိုင်း မိမိတို့ကို ပြန်တင်ပေးနိုင်မှသာ လုပ်ငန်း ကို ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း၊ ဒါကြောင့်ကုမ္ပဏီအနေဖြင့် လိုရင်းတိုရှင်းပြည့်စုံစွာ ရှင်းလင်းပေးရန် ပြောကြား သွားသည်။
ဆက်လက်၍ Bing industries Yatsauk Land Co.,Ltd မှ ဒါရိုက်တာ ဦးချမ်းငြိမ်းဇော်မှ ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တင်ပြရှင်းလင်း ချက်များအပေါ် ဖြည့်စွက် ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)