မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသ

မန္တလေး  မေ  ၁၉

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသခြင်းအခမ်းအနားကို မေ၁၈ရက်မွန်းလွဲ ၂နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက်(၂၇)၊ ၈လမ်းနှင့်၉လမ်းကြား၊ လမ်း၈၀ရှိ မန္တလေးဘီယာ စက်ရုံဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် Mandalay Brewery Limited မှ မန်နေဂျင်း ဒါရိုက်တာဦးရဲဝင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးအကြောင်းကို အသိပညာပေးဟောပြောသည်။

ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံဝန်ထမ်းများအား မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဆေးဘူးများကိုကိုင်တွယ်အသုံးပြု၍မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသ သင်ကြားပေးကြသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ် တပ်ဖွဲ့တပ်စုမှူးအောင်ဝင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင်းစိုးနှင့် စက်ရုံဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)