မိတ္ထီလာမြို့နယ်၌ ၂၀၂၁ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မိတ္ထီလာ   မေလ   ၁၈

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၁ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာမြို့ မြေပြင်အတက်သင် လေတပ်စခန်း အားကစာကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနမှူး ဗိုလ်ချုပ် စိုးအောင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်(လေ)မှ ထူးချွန်ထက်မြတ်သည့် တပ်မတော်တစ်ရပ်လုံးနှင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအခမ်းအနားသို့ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်း များမှ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် မြေပြင်အတက်သင် လေတပ်စခန်းအသင်းနှင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၁ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကွပ်ကွဲမှုအောက်ရှိ လေတပ်စခန်း၊ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲကို မေလ ၁၇ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်