စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအခြေခံသည့်စီးပွားရေးလုပ်ငန်းများအတွက် အသိပညာပေးဆွေးနွေး

ရွာငံ မေ ၁၈ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ က ကျောက်ကူပြင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်း ကနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် တို့ကိုပြည်သူများသို့ချပြရှင်းလင်းပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အခြေခံသည့် စီးပွားရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများစသည်များကိုဆွေးနွေးအမှာစကားပြော ကြားပါသည်။ ထို့နောက် ရွာငံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မျိုးသန့်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်းပညာ ဆိုင်ရာများကို လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်း(GAP)ဆိုင်ရာများနှင့် ခေတ်မှီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ကိုရှင်းလင်းပြောကြားရာ တက်ရောက်လာသောတောင်သူများမှသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်/ဆက်