လားရှိုး၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

လားရှိုး မေ ၁၈ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင် ကွပ်ကဲမှုအောက်ရှိ လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်း ခန်းမ၌ကျင်းပကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ချိုဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ လက်ရှိအစိုးရသစ်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ဖြင ့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏အနာဂတ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဖော်ဆောင်ျှက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမင်းက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဆိုပါသင်တန်းကို သင်တန်းသူ(၃၀)ဦးဖြင့် သင်တန်းကာလ(၁၈)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြား ပေးမည်ဖြစ်သည်။ သင်တန်စတင်ဖွင့်လှစ်စဉ်ကာလမှ ယခုအချိန်အထိ လားရှိုးမြို့ ၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း မှ သင်တန်းဆင်းသူ ဦးရေ(၄၇၆၁) ဦးရှိပြီဖြစ်ကြောင်းလည်းသိရှိရသည်။ ခရိုင်ပြန်/ဆက်