အမ်းမြို့နယ်၌ သောက်သုံးရေ ပေးဝေမှုများဆောင်ရွက်

 
အမ်း မေ ၁၇
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် နွေရာသီကာလ သောက်သုံးရေရှားပါး၍ လိုအပ်လျက်ရှိသော သာသနိကကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများအတွက် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
ထိုသို့သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းရာ၌ ယနေ့နံနက်ပိုင်းတွင် အမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မြို့နယ်တွင်းရှိ ကြောင်းဖြူကွင်းကျေးရွာ၊ နေကာကျေးရွာများသို့ သောက်သုံးရေ ဂါလံ ၄၀၀၀ ဂါလံခန့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝင်းအိမွန်